အုတ်ဖိုမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

အုတ်ဖို  မတ်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က အုတ်ဖိုဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်မှအဖွင့်အမှာစကားပြောကြားရာတွင်  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် ဆရာ/ဆရာမများ သင်ကြားမှုအရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဆရာ၊ ဆရာမများမှစိတ်ပါဝင်စားစွာပါဝင်ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ(၂၅)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ရာ မူလတန်းပြဆရာ၊ ဆရာမ(၇၄၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ  KG မှ GRADE-5 အထိ ဘာသာစုံသင်ကြားမှုဆိုင်ရာများအား နံနက် ၉ နာရီမှ   ညနေ ၄ နာရီအထိ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ အုတ်ဖို