ပေါင်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ပေါင် မတ်  ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယ‌နေ့နံနက်ပိုင်းက ပေါင်မြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပေါင်မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုစွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် ဆရာ/ဆရာမများ အရည်အချင်း ပိုမိုပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းသို့ ပေါင်မြို့နယ်မှ မူလတန်းအဆင့် ဆရာ၊ ဆရာမ(၉၂၁)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ(၃၁)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက် (၄)ရက်ကြာ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)