ဘီးလင်း မတ် ၂၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် အ.ထ.က(ဘီးလင်း)ကျောင်း၊ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ်ပညာရေးမှူးဒေါ်ညွန့်ရီကအဖွင့်အမှာ စကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးတင်မွန်က သင်တန်းဆိုင်ရာကိစ္စရပ်များကို ပြောကြားသည်။ ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူးဦးခင်စိုးက သင်တန်း၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမ( ၈၆၁) ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၂၉ ဦးတို့က နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၄ ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)