မော်လမြိုင်ကျွန်းမြို့နယ်တွင် လပွတ္တာခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အခြေခံ တိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အခြေခံတိုင်းရင်းဆေးပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) အချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လပွတ္တာခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ငွေ၊ မြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံးအုပ် ဦးခိုင်ထွန်းဇော်တို့မှ အဖွင့်မှာစကား ပြောကြားခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများကို ဒုတိယ တိုင်းရင်းဆေးမှူးဦးဗိုလ်ရွှေနှင့် မြို့နယ်တိုင်းရင်းဆေးခန်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဆရာမ ဒေါ်ခင်သိန်းဆင့်တို့မှ လက်ခံခဲ့ကြပြီး ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည့်ကြည်ငွေမှ တိုင်းရင်းဆေးပညာအခြေခံပညာသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များဖြစ်သည့် တိုင်းရင်းဆေးပညာ သိကောင်းစရာများအကြောင်း၊ ဆောင်ရန်ရှောင်ရန်၊ ဖြစ်ဆဲလက္ခဏာများအား ကုသနည်းများ ရှင်းလင်းဆွေးနွေးပေးပြီး၊ အဆိုပါသင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြမည်ဖြစ်ကာ သင်တန်းကာလကို ၂၈-၃-၂၀၂၃ မှ ၁-၄-၂၀၂၃ နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးရုံမှ တာဝန်ရှိသူထံမှ သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)