ကံမ မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို အ.ထ.က (ကံမ) မြ၀တီခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး နောက် မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က ဆွေး နွေးပွဲ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသူရအောင်က ဆွေးနွေးပွဲ သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသင်တန်းအား အခြေခံပညာမူလတန်းဆင့် ဆရာ၊ဆရာမများ သင်ကြားမှု အရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာနိုင်စေရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်းကို နည်း ပြဆရာ၊ဆရာမ (၁၉) ဦးတို့မှ သင်တန်းသား ဆရာ၊ဆရာမ(၅၅၀)ဦး တို့အား သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ( ၄ ) ရက်ကြာ မြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)