ကဝမြို့နယ်တွင် ပဲခူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ “တီဘီစီမံချက် ခရိုင်အဆင့်ကွင်းဆင်းခြင်း” ဆောင်ရွက်

ကဝ မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ “တီဘီစီမံချက် ခရိုင်အဆင့်ကွင်းဆင်းခြင်း” ဆောင်ရွက်မှုကို ယနေ့နံနက် (၁၀) နာရီအချိန်က ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးလွင်က မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍လည်းကောင်း၊ ကဝမြို့နယ် ဆရာဝန်ကြီး ဒေါက်တာဆွေဇင်ဝင်းက တီဘီရောဂါနှင့်ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး တီဘီရောဂါဝေဒနာရှင်များအား ကြက်ဥ၊ ကွေကာအုပ်၊ လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများပေးအပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)