လဟယ်မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြု မှတ်တမ်းပေးအပ်ခြင်းနှင့် ပဒေသာကပွဲကျင်းပ

လဟယ် မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လဟယ်မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်း‌ ပေးအပ်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနား ကို ယနေ့ နံနက် (၉)နာရီအချိန် လဟယ်မြို့ ရိုးရာ ပြတိုက်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ ကျောင်းဆင်း အမှာစကား ပြောကြားပြီးနောက် လဟယ် မူလတန်းကြိုကျောင်း သားငယ်သမီးငယ်များအတွက် ဆုငွေအား လဟယ်မူလတန်းကြို ကျောင်းအုပ်ဆရာမ ဒေါ်ညီထုန်းထံ ပေးပါသည်။ ဆက်လက်၍ ပဒေသာကပွဲ အစီအစဉ်စတင်ခဲ့ရာ လဟယ်မူလတန်းကြိုကျောင်း သားငယ်သမီးငယ်လေးများမှ မူကြို ကျောင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ကပွဲပဒေသာဖြင့် ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် လဟယ်မူလတန်းကြိုကျောင်းတက်ရောက် ပြီးမြောက်ကြသည့် မူကြိုကျောင်း အကြီးတန်းများအား ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကာ အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးပြီးအာဟာရဒါနဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူ နှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)