မြို့သစ် မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်သီးစျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
"ယခုနှစ်ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးတစ်ပိဿာကို (၄၀၀၀)ကျပ် စျေးရောင်းရတယ်၊ စျေးထိုင်ရောင်းတဲ့သူတွေကတော့ စျေးကွက်ပိုကိုက်တာပေါ့ စိုက်ပျိုးသည့်မြေအနေအထားက တစ်ခါစိုက်ပြီး မြေမပင်ပန်းဘဲစိုက်လို့ရတယ် လူပင်ပန်းလို့နားမယ်ဆိုရင် ကိုယ့်ပေါ်မှာဘဲမူတည်တယ်၊ ငရုတ်သီးကမယ်ညိုသီး၊ အရင်တုန်းက၁၄၀၀ကျပ်ထိရှိတယ်၊ ယခုစျေး(၄ဝဝဝ)စျေးအတိုင်းဘဲသွားမယ်ဆိုရင် မိသားစုအတွက်အဆင်ပြေပါတယ်" ဟု၄င်းကပြောသည်။ ငရုတ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုကောင်းရင်ပြုစုနိုင်သလို အထွက်နှုန်းကောင်းမွန်သည့်အတွက် ငရုတ်စိုက်ပျိုးသူများလာကြောင်း ငရုတ်စိုက်တောင်သူထံက သိရှိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)