မြောင်းမြ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို အ.ထ.က(၁) ပညာရတနာခန်းမတွင် ယနေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြမြို့နယ် ပညာရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပညာရေးမှူး ဦးကျော်ဦးက ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ (၄) ရက်ကြာ ဆွေးနွေးပို့ချမှာဖြစ်ပြီး အ.ထ.က (၁)ကျောင်းတွင် သင်တန်းသား/သူ (၇၅၀) ဦးကို သင်တန်းနည်းပြ (၂၅)ဦး တို့ဖြင့်လည်းကောင်း၊ အ.ထ.က (၆) တွင် သင်တန်းသား/သူ (၇၅၉) ဦး၊ နည်းပြ (၂၅) ဦးတို့ဖြင့်လည်းကောင်း ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)