ရေဦး မတ် ၂၈
၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ် ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ရေဦးခရိုင် ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြ သည်။
အဆိုပါ စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သော တပ်မတော်နေ့ မိန့်ခွန်းကောက်နုတ်ချက်များ၊ ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်၊ (၇၈)နှစ် မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်နေ့ဖြစ်ပေါ်လာပုံနှင့် တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းတွင် တာဝန်ယူဆောင်ရွက်ခဲ့ပုံနှင့် တပ်မတော်၏ အား(၁၀)ပါး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တို့အတွက် ဖော်ဆောင်နေမှုများ၊ တပ်မတော်နေ့ကဗျာ၊ ကာတွန်း စသည့် သိမှတ်ဖွယ်ရာများ စုံလင်စွာဖြင့် ရေသားဖော်ပြထား ကြောင်း သိရသည်။
သန်းသန်း (ရေဦး)