နတ်တလင်းမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

နတ်တလင်း  မတ်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက သာစည်ရပ်ကွက်၊ ရန်ကုန်-ပြည်ကာလမ်းဘေးရှိ အ.ထ.က(နတ်တလင်း) ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းမှ အဖွင့်အမှာစကားပြောကြားရာတွင်  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် ဆရာ/ ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဆရာ၊ ဆရာမများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ(၃၆)ဦးဖြင့် မူလတန်းပြဆရာ၊ ဆရာမ(၁ဝ၅၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ  KG မှ GRADE-5 အထိ ဘာသာစုံသင်ကြားမှုဆိုင်ရာများအား နံနက် ၉နာရီမှ ညနေ၄နာရီအထိ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)