ကျောက်ကြီး မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းကစတင်ပြီး ကျောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မုန်းဒေသအခြေခံပညာအထက်တန်းကျောင်းနှင့် နတ်သံကွင်းဒေသ အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခြေခံပညာမူလတန်းအဆင့် ဆရာ/ဆရာမများ မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား မြို့နယ်ပညာရေးမှူးရုံးကဦးဆောင်၍ ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ စုစုပေါင်း(၂၂၆)ဦးအား သင်တန်းနည်းပြ ဆရာ/ဆရာမ(၈)ဦးဖြင့်လည်းကောင်း၊ မုန်းဒေသအခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ စုစုပေါင်း(၁၇၉)ဦးအား သင်တန်းနည်းပြ ဆရာ/ဆရာမ(၆)ဦးဖြင့်လည်းကောင်း၊ နတ်သံကွင်းဒေသအခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ စုစုပေါင်း(၁၇၅)ဦးအား သင်တန်းနည်းပြ ဆရာ/ဆရာမ(၆)ဦးတို့ဖြင့် ဘာသာရပ်(၆)မျိုးအတွက် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၄)ရက်တာ ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မြို့နယ်ပြန်/ဆက်