ဝါးခယ်မမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ဝါးခယ်မ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ ဂင်္ဂါရာမ(၂)လမ်း (ကွန်ကရစ်လမ်းသစ်)အား (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဇော်နိုင်ဦး၊ အဖွဲ့ဝင်(၂) ဦးမန်းထွန်းမြင့်၊ အဖွဲ့ဝင် (၃) ဦးကျော်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဇော်နိုင်ဦးနှင့် တာဝန်ရှိသူမျာက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အထက်ပါလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၆.၈၅) သန်းဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်ထိ တာဝန်ယူ ခင်းကျင်းခဲ့ခြင်းဖြစ်ပြီး လမ်း၏ အရှည်(၁၈၈၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၆)လက်မဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)