မင်းတုန်း မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ အားကစားခန်းမ၌ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မတ်လ ၂၅ ရက်နေ့မှစ၍ နွေရာသီအခြေခံ မြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်ကြားလျှက်ရှိရာ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက်ကြပြီး အောင်လံမြို့မှ မြန်မာ့သိုင်းနည်းပြ ဖြိုးငွေစိုးမှ သင်ကြားပို့ချ လျှက်ရှိသည်။
အဆိုပါ အခြေခံမြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်ရခြင်းမှာ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်သား၊ ကျောင်းသူလူငယ်များ ကယာစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ မတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)