သာပေါင်း မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အင်းချောင်းများ ပြင်ဆင်တူးဖော်ခြင်း လုပ်ငန်းများအား ယနေ့ မတ်လ ၂၇ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲအချိန်က လုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ အင်းချောင်းများ ပြင်ဆင်တူးဖော်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးသိမ်းနှင့် တာဝန်ရှိသူများမှ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ၊ ကွင်းအမှတ်(၈၃၀B)၊ အိုင်ကြီးဒေါက်ကွင်းရှိ ရုံးပင်အင်း(ဆောက်တောအိုင်)တွင် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းချောင်းများ ပြင်ဆင်တူးဖော်ခြင်းလုပ်ငန်း၊ လုပ်ကွက်အမှတ်(၂)အား (၁၆၀)သိန်းဖြင့် အားမန်လွင်ကုမ္ပဏီမှ တူးဖော်ရာနေရာသို့လို က်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း ပြန်/ဆက်