ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အရှေ့တောင်တိုင်းစစ်ဌာနချုပ်စစ်ရေးပြကွင်း၌ ကျင်းပသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်

ဘားအံ မတ် ၂၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုစစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းချီတက်နေရာယူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက တပ်မတော်နေ့ မိန့်ခွန်းပြောကြားကာ စွမ်းရည်ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့မှူးများနှင့် အရာရှိစစ်သည်မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းသမိုင်းပြခန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်သူရအေးတို့က တိုင်းသမိုင်းပြခန်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ တိုင်းသမိုင်းပြခန်း ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ပြခန်းအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အလားတူ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်၊ အမှတ်(၂၂)ခြေလျင် တပ်မဌာနချုပ် ဒုတိယတပ်မမှူးဗိုလ်မှူးကြီးကျော်စိုးလင်းနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်တို့က ပြိုင်ပွဲအား ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးကြသည်။

အဆိုပါဂေါက်သီးရိုက်ပြိုင်ပွဲကို အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ်မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အမျိုးသား အသက်ကြီးတန်း၊ အကြီးတန်း Handicap (0 to 18)နှင့် အငယ်တန်း Handicap(19 to 24) ဟူ၍ ပြိုင်ပွဲအမျိုးအစား သုံးမျိုးခွဲကျင်းပခဲ့ရာ ပြည်နယ်အတွင်းမှ ဂေါက်သီးရိုက် အားကစားသမား(၉၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမှတ်(၂၂)ခြေလျင် တပ်မဌာနချုပ် ဒုတိယတပ်မမှူးဗိုလ်မှူးကြီးကျော်စိုးလင်းက ပြိုင်ပွဲတွင် Most Par Most BardieLongest Drive Nearest Center line Nearest Pin Hidding Hole နှင့် အကြိုးစားဆုံးအားကစားသမားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက သက်ကြီးတန်းပြိုင်ပွဲတွင်  Second Runner Up Runner Up Winner  ဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် က Handicap(19 to 24) အငယ်တန်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် Second Runner Up Runner Up Winner ဆုရရှိသူများကို လည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက Handicap( 0 to 18) Second Runner Up Runner Up နှင့် Winner ရရှိသူများကို ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းတွင် ကျင်းပလျက်ရှိသော ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များအဖြစ် ဖာပွန်မြို့နယ်ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဖာပွန်မြို့နယ်အသင်းက ကြာအင်း ဆိပ်ကြီးမြို့နယ်အသင်းအား လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က အဆိုပါပွဲစဉ် အကောင်းဆုံးအားကစားသမားဆုရရှိသူအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)