ပုဗ္ဗသီရိ မတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းအုပ်စု၊ ရေပြာကျေးရွာတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မူဖြင့် ၂၀၂၂-ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင် တော်မူကြသော စာအောင်သံဃာနှင့် သီလရှင် များအား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်း ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကိုယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ၊ ဆရာတော် ဦးနန္ဒိယ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ထို့နောက် ပုဗ္ဗသီရီမြို့နယ် သံဃနာ ယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဥတ္တမ မထေရ်မြတ်၏ သမ္မောဒနီယ သာရဏီယ သြဝါဒကထာနာယူခဲ့ပြီး ပုဗ္ဗသီရီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်မှ သာသနာ ရေးဆိုင်ရာများ လျောက်ထားကာ ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစာ အောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ရာ ပထမကြီးတန်းသုံးပါး၊ ပထမ လတ်တန်း ၁၃ ပါးနှင့် အခြေပြုမူလတန်း ၅၄ ပါး၊ စုစုပေါင်း စာအောင်သံဃာတော်နှင့် သီလရှင် ၇၀ ပါးအား စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တံခွန်တိုင်ဆရာတော် ဦးသုန္ဒရ မထေရ်မြတ်မှသာဓု အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေ ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)