ရွှေတောင်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ရွှေတောင် မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကုန်းကျေးရွာအုပ်စု၊ မကျီးအင်းကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်‌ရေး (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော  ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည် ။

အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ( ကိုယ်စား) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ရွှေတောင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူ၊ ဒေသခံပြည်သူတစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) ထောက်ပံ့ရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်မကျီးအင်းကျေးရွာ ရွာသူ/ရွာသားများကိုယ်စား ပြည်သူ တစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ လမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြစ်သည့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၇၈၀'× ၁၂' × ၆")ဖြင့်  ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်တက်ရေး ဦးစီးဌာနဝန်ထမ်းများ၊ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန် /ဆက်)