ရွှေတောင် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့်လိုက်လံ စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းကအရှိန်အဟုန်တိုးမြှင့်ဆောင် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့များမှ ရွှေတောင်မြို့နယ် MCM Power Co. Ltd သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် စက်ရုံဝန်ထမ်းများအား မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးမီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ်မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မီးတားလမ်းများဖောက်လုပ်ထားရှိနိုင်ရေး၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် ရေလုံလောက်စွာ ဖြည့်တင်းဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)