ရွှေတောင်မြို့နယ်တွင် ‌ဧရာဝတီမြစ်အတွင်း ရေလမ်းကြောင်း ကောင်းမွန်စေရေး  ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ရွှေတောင် မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက် (တပ်မတော်သိပ္ပံနှင့် နည်းပညာ သုတေသနဌာန၊ ပါမောက္ခဌာနမှူး ပြင်ဦးလွင်)သည်  မြစ်ချောင်းများဖွံ့ဖြိုးတ်ိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ရွှေတောင်ရေလမ်းကြောင်းကောင်းမွန်စေရေး (ဧရာဝတီမြစ်သောင်တူးလုပ်ငန်း ) ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ လိုက်ပါကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)