(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ကျောင်းကုန်း မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာကြည့်တိုက်ခန်းမ၌ သုတ/ရသ စာအုပ်များ ခင်းကျင်းပြသထားရာ စိတ်ပါဝင်စားစွာဖတ်ရှုခဲ့ကြပြီး၊ Community Centre ခန်းမ၌ နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ကပေးပို့သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)