ပေါင်းတည် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးမျိုးစေ့ချကိရိယာနှင့်မျိုး စေ့ချခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉နာရီက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာ၊ ကွင်းအမှတ် ၁၀၉၃ ရှိ တောင်သူ ဦးစိန်ထွန်းနှင့် ဦးမင်းကို တို့၏ ၇.၅ဧက နွေစပါးစိုက်ခင်းအတွင်း ကျင်းပပြုလုပ်သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး ဦးအာကာစိုး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းနှင့်တောင်သူပညာပေး ဝန်ထမ်းများ၊ မျိုးသန့်ခြံ တာဝန်ခံအရာရှိ ဒေါ်ဌေးတင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးရဲဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ နွေစပါးစိုက်တောင်သူများ စုစုပေါင်း ၈၅ ဦး တက်ရောက် ကြည့်ရှု့အားပေးခဲ့ ကြကြောင်း သိရသည်။
သရုပ်ပြသရာ၌ နွေစပါး ရက်၉၀မျိုးစပါးများကို မျိုးစေ့ချကရိယာအသုံးပြု၍ မျိုးစေ့ချစိုက်ပျိုးခြင်း၊ Turun Row Seeder ဖြင့်တောင်သူ ဦးမင်းကို၏ နွေစပါး စိုက်ခင်း ၃ ဧက ကွက်တွင် မျိုးစေ့ချ ကွင်းသရုပ်ပြသခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တောင်သူ များအား ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများနှင့် ချိတ်ဆက်၍ လက်တွေ့အသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်၍ အကျိုးအမြတ် ပိုမိုရရှိစေမှာဖြစ်ကြောင်း၊ တောင်သူအချင်းချင်း နည်းပညာ လက်ဆင့်ကမ်းပေးစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဒုတိယမြို့နယ်ဦးစီးမှူးတို့က မျိုးစေ့ချကရိယာအသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့်မျိုးစေ့ချကရိယာ အသုံးပြုပုံတို့ကို အသေးစိတ်ရှင်းလင်းပြသကြသည်။ ဆက်လက်၍ စက်မှုလယ်ယာ ဦးစီးမှူးဦးအောင်ဝင်းက မျိုးစေ့ချ စက်ကရိယာအကြောင်းနှင့် အလုပ်လုပ်ပုံတို့ကို လက်တွေ့မောင်းနှင်ပြသခဲ့ပြီး တက်ရောက်လာကြသူများအား စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဝေငှခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)