တောင်ငူမြို့၌ ၁၃၈၄ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ  မတ်   ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြား​​ပြီး၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ လုပ်ငန်းစီမံချက်ကိုရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က သင်္ကြန်ပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ စီစဥ်ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားပြီး မဟာသင်္ကြန်ပွဲတော် ကျင်းပရေးစီမံချက်တွင် ပါဝင်သည့် လုပ်ငန်းဆပ်​​ကော်မတီများက ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က နိဂုံးချုပ်အမှာစကား ပြောကြား၍အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါအစည်းအဝေးသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ(၃၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)