စလင်းမြို့နယ်တွင်(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စလင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

စလင်း  မတ် ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန စာကြည့်တိုက် အတွင်းနှင့် (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့်  စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲတွင် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား စာအုပ်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်နှင့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေးစာအုပ်စာစောင် ပြပွဲပြုလုပ်ရခြင်းအကြောင်းကို မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာဗဟုသုတ ရရှိစေမည့် သုတရသစာအုပ်များ၊ တပ်မတော်နေ့နှင့်ပတ်သက်သည့်အကြောင်းအရာပါ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာ‌စောင်၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေမည်နံရံကပ်စာစောင်နှင့် အပူဒဏ်ကာကွယ်နိုင် စေမည့် အသိပညာပေး နံရံကပ်စာစောင်များကိုပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများမှ စိတ်ဝင်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့