ကျောင်းကုန်းမြို့နယ် Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ကျောင်းကုန်း မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)၏ "လွတ်လပ်ပေါ့ပါး သောစိတ်ထားရှိပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ Book Clubအဖွဲ့ဝင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်က "မြတ်ဗုဒ္ဓ၏ ဆုံးမနည်းများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ညွန့်ညွန့်‌အေး (Book Club)က "ပညာရှိသူတော်ကောင်းတို့၏ အဆုံးအမနှင့်လောကဓံကို ကြံ့ကြံ့ခံခြင်း"ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဒေါ်ချယ်ရီဖြိုး (Book Club)က "ရာဇဝင်ထဲက အလှုရှင်မိန်းမသားများ "ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များကလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)