ကျောက်မဲမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကျောက်မဲ မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်မဲခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီက အဖွင့်အမှာစကားပြောခဲ့ပြီး မူကြိုကလေးငယ်များက  အကအလှ များဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်းကြို ပညာသင်ယူပြီးမြောက်ခဲ့သည့် မူကြိုကလေး ကျား ၂၆ ဦး၊ မ ၃၀ ဦး စုစုပေါင်း ၅၆ ဦးတို့အား လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီ၊ ကျောက်မဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ မူလတန်းကြိုကျောင်းကို ဧပြီလတစ်လတည်းသာ ကျောင်းပိတ်ထားမှာဖြစ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကလေးငယ်များကို မေလဆန်းပိုင်းတွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)