တပ်ကုန်းမြို့၌ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၂) ကျမ်းရင်းအား ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၁၀၇)ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်ဖြေဆို

တပ်ကုန်း မတ် ၂၄

၂၀၂၃ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရဓမ္မာစရိယစာမေးပွဲကို  ဦးဆောင်ကျင်းပလျက်ရှိရာ  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမ စာစစ်ဌာနနှစ်ခုတွင်  အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီ က (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၂) ကျမ်းရင်း ဖြေဆိုတော်မူခဲ့သည်။

အဆိုပါ ကျမ်းရင်းဖြေဆိုရက်တွင် ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေ သံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ကြီးကြပ်၍ ဘုရင့်နောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများစုပေါင်း၍  နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ   (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၂) ကျမ်းရင်းစာရင်းရှိ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၁၅၄ ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး၊ ဝင်ရောက်ဖြေဆို  ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၁၀၇  ပါးနှင့်လူပုဂ္ဂိုလ်တစ်ဦး၊ ပျက်ကွက် ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၄၇ ပါး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၉၈)ဖြစ်ပြီး၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အစဉ်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင် ပြန်ဆက်ရုံး