ကျိုင်းတုံ မတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(ကျိုင်းတုံ)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း(ကျိုင်းတုံ) ကျောင်းအုပ် ဒေါ်နန်းယုန်းက သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းမှူးက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ကျိုင်းတုံ)အတွက် ထောက်ပံ့ငွေပေးအပ်ပြီး သင်တန်းသူများအား သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦး တက်ရောက်ပြီး ရက်သတ္တပတ် ၂၂ ပတ် ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)