ခရမ်း မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင်၏ (၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် "(၇၈)နှစ်မြောက် တပ်မတော်နေ့ "အထိမ်းအမှတ် ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် လူစည်ကားသည့်၊ ကားဂိတ်၊ ကယ်ရီဂိတ်နှင့် အများစည်ကားသည့် လမ်းများတွင်ပြည်သူအများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကိုမင်း ( ခရမ်း )