သပိတ်ကျင်း မတ် ၂၄
မန္တတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များပူးပေါင်းပြီး စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာရေရးဆရာမဒေါက်တာ မတင်ဝင်းရေးသားသည့် "အထွတ်အထိပ်သို့လမ်းရိုးမှတက်ခြင်း စာအုပ်အကြောင်းရှင်းလင်း ပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ Youth Club အသင်းဝင် မနန်းထွေးဝင်းနှင့် မနေခြည်တို့က စည်းကမ်းကိုပိုင်နိုင်စွာ ကိုင်ထားခြင်းခေါင်းစဥ်နှင့်ခေါင်းဆောင်မှုအရည်အချင်းများခေါင်းစဥ်များဖြင့် အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာရေးဆရာမဒေါက်တာမတင်ဝင်း၏ အထွတ်အထိပ်သို့ လမ်းရိုးမှတက်ခြင်း” စာအုပ်ထဲမှ အထက်ပါခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် အထွဋ်အထိပ်သို့ လူကိုယ်တိုင်ရောက်လိုကြသည် သို့သော် အထွဋ်အထိပ်သို့ရောက်သည့် အရေအတွက်က နည်းပါးသည်၊ အထွဋ်အထိပ်သို့ရောက်ခြင်းကို ချမ်းသာခြင်းကြွယ်ဝခြင်း သက်တောင့်သက်သာနေခြင်းတို့နှင့်ညီမျှကိန်းဆွဲလျှင် လွဲမှားသည့်အဖြေများထွက်လာမည်ဖြစ်သည်၊ စသည့် လူ့တန်ဖိုးတတ်အောင် ကြိုးစားခြင်း၊ အသိပညာရင့်ကျက်အောင် ကြိုးစားခြင်းသည်ပင်လျှင် လမ်းရိုးမှအထွတ်အထိပ်သို့တတ်ခြင်း အမည်ပေးနိုင်ပါသည် စသည့်အသိတရားများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)သပိတ်ကျင်း