ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ဒဂုံဆိပ်ကမ်း မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၉)နာရီကကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူနှင့် ဒုတိယဦးစီးမှူးဒေါ်စန္ဒာတို့က တပ်မတော်​နေ့ပေါ်ပေါက်လာပုံ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏အစဥ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်၏အား (၁၀)ပါး၊ တပ်မတော်၏တာဝန်(၃)ရပ်၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊  အစရှိသည်တို့ကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် Talk Showဆွေးနွေးပွဲကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love  DagonSeikken Page နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageတို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးမဉ္ဇူ (ပြန်/ ဆက်)