ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်အနာဂတ်အကြောင်း အသိပညာပေး Talk Show ရိုက်ကူး ထုတ်လွှင့်

ဇေယျာသီရိ မတ် ၂၄ 

ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊  ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်နှင့်အနာဂတ်အကြောင်း  အသိပညာပေး Talk Showကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်းသိရသည်။ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုရရှိစေရန် onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့တွင် လူငယ်နှင့် အနာဂတ် အကြောင်း အသိပညာပေး Talk Showကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် စာရေးဆရာသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က လူငယ်များတွေရဲ့အနာဂတ်က နိုင်ငံတော် အတွက်အရေးပါမှု နှင့်  အောင်မြင်သည့်လူငယ်တွေဖြစ်ဖို့ ကြိုးစားရမည့်အချက်များ အကြောင်းကို ဆွေးနွေးခဲ့သည်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Showအပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

ထွန်းလင်း(ဇေယျာမြေ)