(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဒါကျေးရွာအနီး ဦးစိန်ရေထိန်းတံခါးဖွင့်ပွဲသို့  မွန်ပြည်နယ်ခေတ္တဝန်ကြီးချုပ်ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ တက်ရောက်ဖွင့်လှစ်

ချောင်းဆုံ မတ်၂၄

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကဒါကျေးရွာအနီးရှိ ဦးစိန်ရေထိန်းတံခါးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၆:၃၀)အချိန်က ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီးကျော်စွာမြင့်(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကျေးရွာနေပြည်သူများ၊ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာမွန်ပြည်နယ်ခေတ္တဝန်ကြီးချုပ် အမှာစကားပြောကြားရာတွင် ကဒါကျေးရွာအနီး ဦးစိန်ရေထိန်းတံခါး တည်ဆောက်ပြီးစီးခဲ့သည့်အတွက် မိုးရာသီရေကြီးမှု၊ နွေရာသီရေငန် ဝင်ရောက်မှုနှင့် နုန်းပို့ချမှုများကို ကာကွယ်နိုင်ရုံမျှမက မိုးနှောင်းပိုင်းတွင် ရေချိုသိုလှောင်ပြီး ဆီထွက်သီးနှံ၊ နေကြာစိုက်ခင်းများ စိုက်ပျိုးလာနိုင်မှာဖြစ်သည့်အတွက် ဒေသခံလယ်သမားများ အနေဖြင့် လူမှုစီးပွားမြင့်တက်လာမည်ဖြစ်ကြောင်း၊ ရေထိန်းတံခါးရေရှည်တည်တံ့ခိုင်မာစေရန် အတွက်လည်း ဒေသနေပြည်သူများမှ ဝိုင်းဝန်းကူညီ ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ လာမည့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင်လည်း ကလော့ကျေးရွာတွင် နှီးမှတ်အပြိုင်ရေထိန်းတံခါး (၆)ပေပတ်လည် (၆'x၆') အရွယ်အစားရှိ (၅)ပေါက်ပါရေထိန်းတံခါးကို တည်ဆောက်ရန်လျာထားပြီး ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်ကဒါကျေးရွာနေ ဒေသနေပြည်သူ ဦးကျော်သန်းမှ ကျေးဇူးတင် စကားပြန်လည်ပြေ ကြားသည်။

ယင်းနောက် ဦးစိန်ရေထိန်းတံခါးအား မွန်ပြည်နယ်ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ရေထိန်းတံခါး တည်ဆောက် ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါဦးစိန်ရေထိန်းတံခါးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန် ပုံငွေကျပ်(၃၂၀.၀၀)သန်းဖြင့် တည်ဆောက်ခဲ့ပြီး (၆'x၆') အရွယ်အစား (၅)ပေါက်ပါရှိကြောင်း၊ Slide Gate (၅)ချပ်ပါ အုတ်+သံကူကွန်ကရစ်ရေထိန်းတံခါး အမျိုးအစားဖြစ်ပြီး ရေခေါ်မြောင်းမကြီးအလျား(၄၀၀၀)ပေနှင့် ရေထုတ်မြောင်းမကြီးအလျား(၅၁)ပေရှိကြောင်း၊မိုးစပါးလယ်မြေ(၇၀၀)ဧကအား ပင်လယ်ရေငန်ဝင်ရောက်မှုနှင့် ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေပြီး ရေချိုသိုလှောင်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)