တုံတာ မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ ယမန်နေ့ နံနက်(၁၀)နာရီချိန်မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ မူလတန်းကြိုကျောင်းဆင်းပွဲ ပြုလုပ်ကျင်းပကြောင်း သိရသည်။
သန့်ရှင်းသော သိကြားမင်းမူကြိုကျောင်း၏ မူလတန်းကြိုကျောင်းဆင်းပွဲ၌ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်က မိန့်ခွန်းစကားပြောကြားခြင်း၊ သာသနာ့ကော်မတီအတွင်းရေးမှူး ဦးလော်ဆာက အမှာစကားပြောကြားခြင်းနှင့် သန့်ရှင်းသောသိကြားမင်းမူကြိုကျောင်း၏ တာဝန်ခံစစ္စတာရ်ကြီးဂေါ်ရက်တီစုစုလှိုင်က ကျေးဇူးတင်စကားပြောကြားခြင်းနှင့် မူလတန်းကြိုကျောင်း ပြီးမြောက်ခြင်း၏ ဘွဲ့လက်မှတ်ချီးမြှင့်ခြင်းနှင့် အကပဒေသာဖျော်ဖြေခြင်းများပြုလုပ်ပြီး ကြွရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်များအား နေ့လယ်စာတည်ခင်းကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
အဲန်းမေရီ