သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများပြုလုပ်

သာစည် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌(၇၈)နှစ်မြောက် တပ်မ တော်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကိုယနေ့နံနက် ၁၁ နာရီခွဲကပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းက (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်း အမှတ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားပြီး ဦးဇော်မင်းထွေး ရုပ်သံကျွမ်းကျင်-၃က တပ် မတော်နေ့နှင့်ပတ်သက်ပြီးအသိပညာပေးဟောပြောသည်။

ထို့နောက် တက်ရောက်လာသူများက ပြသထားသည့်(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်များ၊ (၇၅) နှစ်မြောက်  မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်မှတ်တမ်းဓာတ်ပုံများနှင့် သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

အဆိုပါ  အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့်ကျောင်းသား /သူ များ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)