မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) ဆင်းပွဲကျင်းပ

မြိတ်    မတ်  ၂၄

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီးလူမှု စီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြှင့်မားစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင်ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်() သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းကကျင်းပခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ်(၂၂)ပတ်ကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီ ပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတိုးသမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာ ပန်းထိုးစက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့် သင်ခန်းစာများ သင်ကြားပေးခဲ့ကြောင်း၊ ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာ ရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးပြီး အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေး၍  ပြည်ထောင်စုစိတ်ဓါတ် ဘာသာရပ်သင်ခန်းစာများနှင့် အဆင့်မြင့် ယဉ်ကျေးမှုဘာသာရပ်များကို  သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းကို မြိတ်ခရိုင် အတွင်းရှိ တနင်္သာရီမြို့နယ်မှ()ဦး၊ ကျွန်းစုမြို့နယ်မှ()ဦးနှင့် မြိတ်မြို့နယ်မှ(၂၁)ဦး စုစုပေါင်း သင်တန်းသူ အမျိုးသမီးငယ်(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သင်တန်းကျောင်းမှ သိရသည်။

သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသူအား အပ်ချုပ်စက်တစ်လုံးကို မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာအေးက ချီးမြှင့်ပေးအပ်သည်။ ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူများကိုယ်စား မြိတ်မြို့နယ် ပပြင်ကျေးရွာမှ နော်နယ်လီအေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီး၌ သင်တန်းခန်းမအတွင်း သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

သင်တန်းတက်ရောက်ကြသည့် သင်တန်းသူ တစ်ဦးချင်းစီကို သင်တန်းကျောင်းမှ ပိတ်စ(၂၉) ကိုက်၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများ၊ သင်တန်းသုံးပစ္စည်း(၃၈)မျိုးကို ထောက်ပံ့ပေးပြီး  စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများ နှင့် အသွားအပြန် ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)