ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစွာမောင်းနှင်စီးနင်းနိုင်ရေး အသိပညာပေးဟောပြော

ဟိုပုံး မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူလူထုများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိင်ရေးနှင့် ယာဉ်မတော်တစ်ဆမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စီးနင်းနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်  လွယ်အွန့်ကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာ ဘုန်းတော်ကြီး‌ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က ဟောပြောရာတွင်  ယာဉ်များမောင်းနှင်ရာတွင် ရှောင်ကြဉ်ရမည့်အချက်များနှင့် လိုက်နာရမည့်အချက်များ၊ အမြန်ရောက်လိုဇောဖြင့် လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ ကျော်တက်ခြင်း များအား မပြုလုပ်ကြရန်လိုကြောင်း၊ အမြန်လို၍ မောင်းနှင်ပါက အသက်အန္တရာယ်ရှိကြောင်း၊ မော်တော်ယာဉ် မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုအခြေအနေများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ ရှောင်ကြဉ်ရန်အချက်နှင့် လိုက်နာရမည့်အချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်များကိုလည်းကောင်း၊ ပလတ်စတစ် အန္တရာယ်တို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ဥပဒေရုံးမှ ဒေသဥပဒေအရာရှိ ဒေါ်နန္ဒာနှင်းက ဥပဒေဆိုင်ရာအကြောင်းအရာများကို လည်းကောင်း အသီးသီးပြောကြားခဲ့သည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)