မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကျင်းပ

မန္တလေး မတ် ၂၄

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်း အမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးအရာရှိ ဦးညိုထွန်းက တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လူငယ်များ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်နိုးကြားတက်ကြွစေရန်များ နှင့် (၇၈)နှစ်မြောက် တပ်မတော်နေ့အမျိုးသားရေးဦးတည်ချက်များ၊ ဆရာမလှိုင်က လွတ်လပ်ရေးအမွေထိန်းသိန်းကြစို့လေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်ကြရန် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)