မိုးနဲ မတ်၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် မြို့နယ် ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေကကြီးကြပ်ပေးပြီး ဝန်ထမ်းများကပူးပေါင်း၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ယနေ့နံနက် ၉ နာရီအချိန်က စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာစာဖတ်ပရိတ်သက်များအနေဖြင့် အလွယ်တကူငှားရမ်း ဖတ်ရှုလေ့လာနိုင်စေရန်၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်ပရိတ်သက်များအနေဖြင့်လည်း ငှားရမ်းရာတွင် အဆင်ပြေစေရန်၊ စာပေဖတ်ရှုလိုက်ခြင်းကြောင့် အသိပညာဗဟုသုတ ပိုမိုထက်မြတ်လာစေရန်၊ ဆုံးဖြတ်ချက်ကောင်းများကို အချိန်တို အတွင်းချမှတ်နိုင်စေရန်၊ အားလပ်သောအချိန်များကို စာအုပ်စာပေဖတ်ရှုလိုက်ခြင်းဖြင့် အကျိုး ရှိစွာကုန်ဆုံးစေရန်၊ ပြည့်သူ့စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာစေရန်နှင့် စာငှား၊ စာဖတ်တိုးပွားလာစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ၎င်းတို့ကြိုက်နှစ်သက်ရာ စာအုပ်များကို စိတ်ပါဝင် စားစွာဖြင့် ငှားရမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ မိုဘိုင်း library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို အပတ်စဉ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)