ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဥတ္တရသီရိ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာဂလကျေးရွာတွင် နေထိုင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆောင်းရာသီနှင့် နွေရာသီ ဝင်ငွေရရှိစေရန်အတွက် အိမ်ခြံမြေနေရာလွတ်များ၌ မြေအောက်ရေ ပေးသွင်းခြင်းဖြင့် ဘူး၊ ဖရုံ၊ ချဉ်ပေါင်၊ ကန်စွန်း ကြက်သွန်နီစသည့် ဟင်းသီး ဟင်းရွက်များကို စိုက်ပျိုးထားပြီး ဓာတုဓာတ်ကြွင်း ကင်းလွတ်စေရန် Super ဘိုကာရှီ၊ မြေဆွေးများဖြစ်သည့် နွားချေး၊ ဆိတ်ချေးများ အပင်အားတိုးဆေးများကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲခြင်းကြောင့် သာဂလကျေးရွာမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။

စိုက်ခင်းမှရလာသည့် ဟင်းသီးဟင်းရွက်များကို ပုဗ္ဗသီရိညဈေးတွင် ရောင်းချခြင်းနှင့် ရပ်ကွက်အ တွင်းသို့ လိုက်လံ ရောင်းချပေးခြင်းကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

အောင်မျိုးဝင်း