လှိုင်းဘွဲမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ  မတ် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေးTalk show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က တပ်မတော်နေ့နှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် စစ်မှုထမ်းဟောင်အဖွဲ့ဝင်၊ တပ်ခွဲတပ်ကြပ်ကြီး(အငြိမ်းစား)ဦးလင်းခိုင်က တပ်မတော်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသည့် ရဲဘော်သုံးကျိပ်နှင့်ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားခြင်း၊ အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့ပုံ၊ တပ်မတော်သားများမှ အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့သည့် အကြောင်းအရာများ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်(၄)ရပ်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး(အငြိမ်းစား)ဦးဌေးဝင်းက တပ်မတော်သားများ၏ တိုင်းပြည် စည်းလုံးညီညွတ်မှု မပြုကွဲရေးအတွက် ခေတ်အဆက်ဆက် လုပ်ငန်းဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးကြိုးပမ်းမှု၊ လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းရောင်စုံ သူပုန်းများအား နှိမ်းနှင်းရေး၊ ၂၀၀၈ခုနှစ် အခြေခံဥပဒေကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြည်သူများအနေဖြင့် တိုင်ပြည်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဖိုးခွါး(ပြန်/ဆက်)