တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင်(၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကျင်းပ

တံတားဦး မတ် ၂၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာအုပ်စာစောင်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများ စာပေဝါသနာရှင်များအား ၂၀၂၃-ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် ကျရောက်မည် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ သမိုင်းအကြောင်းအရာများ၊ တပ်မတော်နေ့ဖြစ်ပေါ်လာပုံအဆင်ဆင့်၏ အကြောင်းအရာများ၊ ယနေ့အချိန်ကာလတွင် တပ်မတော်က တာဝန်ယူဆောင်ရွက်နေသည့် လူမှုရေး၊ စီးပွားရေး၊ တပ်မတော်နှင့် ပတ်သကပ်သောအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး စသည့်တို့ကို ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများ၊ တပ်မတော်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ စာအုပ်စာစောင်များကိုပြသထားရာ ကျောင်းသား/သူများနှင့် စာပေဝါသနာရှင်များက စိတ်ဝင်တစားလေ့လာကြည့်ရှုအားပေးကြပြီး မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား/သူများကို အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြသည်။ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်အများပြည်သူများကိုOnline မှ တစ်ဆင့်ပြည်သူများ အသိပညာဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများကို လစဉ်ဆက်လက်ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)