(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်လှစ်

ဘုတ်ပြင်း   မတ်     ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ (၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဘုတ်ပြင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းလေးက စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများကိုယ်စားမြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကား ကြားခဲ့သည်။

ကျေးရွာဘက်စုံသုံးအဆောင်အဦး ဆောက်လုပ်ရန် မြေနေရာလှူဒါန်းပေးသည့် အလှူရှင်အား  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာများကို တာဝန်ရှိ သူများ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးလှကြိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစိုးနိုင်ဝင်းတို့က ကျေးရွာဘက်စုံသုံးခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ကျေးရွာဘက်စုံသုံးခန်းမအား ကြည့်ရှုခဲ့ကြသည်။

အဆိုပါဘက်စုံသုံးခန်းမသည် အလျား(၃၀)ပေ၊အနံ(၂၆)ပေ၊အမြင့် ၁၂ ပေရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေကျပ်(၁၀.၀)သန်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေကျပ်(၁၀.၀)သန်း စုစုပေါင်း(၂၀.၀)သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာ၏ ကျန်းမားရေး၊ပညာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များတွင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)