ရမည်းသင်း မတ် ၂၄
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းအဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်၊ အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက ဒေသခံပြည်သူများ အကျိုးရှိစေရန် ယနေ့ဖွင့်လှစ်သည့် မြို့တွင်းကွန်ကရစ်လမ်းကို ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ရမည်းသင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝါတိုးရပ်ကွက်နေပြည်သူ ဦးကျော်ငြိမ်းထွန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ လမ်းဖွင့်ပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်၊ ခရိုင်ရဲတပ်ဖွဲးမှူးရဲမှူးကြီးမင်းဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဝင်းဗိုလ်တို့က ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်းကရစ်လမ်းသစ်အား ကြည်ရှု့ခဲ့ကြသည်။
အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ ရမည်းသင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ နိုင်ငံတော်ငွေကျပ်သန်း (၂၁.၈၀)ဖြင့် ကွန်ကရစ်လမ်းအရှည်(၅၆၀)၊ အကျယ်၁၂ ပေ၊ ထု ၉ လက္မ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)