တံတားမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

တံတား မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းအချိန်က တံတားမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့သည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၃ ရက်နေ့၊ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှကောက်နှုတ်ချက်ဖြစ်သည့် အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိကျေပွန်စွာထမ်းဆောင်ရေး၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်ဖြစ်သည့် တိုင်းသူပြည်သားညီညွတ်ရေး၊ လူထုရဲ့ညီညွတ်ရေးအတွက် ယခုထက်ပိုပြီး ဆတက်ထမ်းပိုးတိုးပြီးလုပ်ကြဖို့၊ အသက်သွေးချွေးစဥ်မနှေးပေးဆပ်သည်မှာတပ်မတော်ပါ၊ တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်၊ တပ်မတော်၏အား(၁၀)ပါး၊ တပ်မတော်နေ့နှင့်ပက်သက်သည့် ဖိုးလေးလုံးသောင်းကိုကိုရေးသားသည့် ပြည်သူချစ်တဲ့တပ်မတော်ကဗျာများ၊ ကာတွန်းများနှင့်နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တိုင်းတွင် ကျရာအခန်းကဏ္ဍများမှ အားသွန်ခွန်စိုက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည်မှာ တပ်မတော်ပင်ဖြစ်ကြောင်းစသည်တို့ကို ဝေဝေဆာဆာဖော်ပြထားသည်။

အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)