ကျောင်းကုန်း မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီ ပန်းချီ(အခြေခံ)သင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းတွင်းပန်းချီပြိုင်ပွဲတို့တွင် အရည်အသွေး ပြည့်ဝသော ပန်းချီပုံများ ဆွဲနိုင်ကြစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းချီ(အခြေခံ)သင်တန်းသို့ သင်တန်းသား (၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး၊ သင်တန်းကာလမှာ မတ်လ(၂၃) ရက်နေ့မှ (၃၁)ရက်နေ့အထိ အခမဲ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)