မြောင်းမြမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မြောင်းမြ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို ရွှေသာလျောင်းဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ စာမေးပွဲ ဒုတိယနေ့ကို ယနေ့နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲများကို မတ်လ ၂၁ ရက်နေ့မှ မတ်လ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အစိုးရဓမ္မာစရိယ စာမေးပွဲဒုတိယနေ့၌ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ (၂)ဘာသာရပ်ကို ဖြေဆိုရပြီး သံဃာတော် (၂၈)ပါးနှင့် သီလရှင် (၁)ပါး၊ စုစုပေါင်း (၂၉)ပါး ဝင်ရောက်ဖြေဆိုခဲ့‌ကြောင်း သိရပြီး၊ ပါဠိပထမပြန် စာမေးပွဲကို မတ်လ ၂၈ ရက်နေ့တွင်  စတင်ကျင်းပ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုသံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာန ကြီးကြပ်ရေး ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာလင်း