ဖျာပုံမြို့၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

ဖျာပုံ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၉) ရပ်ကွက်ရှိ တိုက်သစ် ဘုန်းတော်ကြီးကျောင်းတွင် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဖျာပုံခရိုင်(၄) မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ အစိုရဓမ္မာစရိယတန်း "ပါရဇိကဏ်(ပ)" ဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ရဟန်း (၁၈၃)ပါး၊ သာမဏေ (၅)ပါး၊ သီလရှင်(၃၁)ပါး၊ လူပုဂ္ဂိုလ် (၁) ဦး စုစုပေါင်း(၂၂၀)ဖြစ်ပြီး ပါရဇိကဏ်(ပ)၊ ဝင်ရောက်စာဖြေ ရဟန်း (၁၆၃)ပါး၊​ သာမဏေ (၅)ပါး၊ သီလရှင်(၃၁)ပါး၊ စုစုပေါင်း(၁၉၉)ပါး ဝင်ရောက်ဖြေဆိုကြပြီး အဆိုပါ စာမေးပွဲကို မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ် သာသနာရေးဦးစီးထံမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)