ဖောင်းပြင်မြို့နယ်တွင် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ

ဖောင်းပြင် မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အားကစားနှင့်ကာယပညာကော်မတီမှကြီးမှူး၍ ဖူဆယ်ဘောလုံးအားကစား အမျိုးသားအလွတ်တန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးလှိုင်က အမှာစကားပြောကြားပြီး အားကစားအဓိဌာန်ကို အားကစားသမားများနှင့်အတူ သံပြိုင်သီဆိုကာ ဘောလုံးအား ကစားကွင်းသို့ကန်သွင်း၍ ဘောလုံးအားကစားပြိုင်ပွဲကို စတင်ကျင်းပစေခဲ့သည်။

ထိုပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာများမှ ဘောလုံးအသင်း ၂၁သင်း လာရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ် ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် အကောင်းဆုံးကစားသမားဆုများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

ကိုထွန်း (ဖောင်းပြင်)