ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မဗိမာန်တော်ကြီးတွင် ရဟန်း၊ သာမဏေများနှင့် သီလရှင်များ အစိုးရဓမ္မစရိယစာမေးပွဲ ဆက်လက်ဖြေဆို

ကလေး မတ်၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း မြို့မဓမ္မဗိမာန်တော်ကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ သာသနာရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရဓမ္မစရိယစာမေးပွဲ၏ ကျမ်းရင်းပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၂) ဘာသာရပ်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆက်လက် ဖြေဆိုလျှက်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အစိုးဓမ္မာစရိယစာမေးပွဲကို ဖြေဆိုရန်အတွက် ရဟန်း ၈၆ ပါး၊ သာမဏေ ၇ ပါး၊ သီလရှင် ၁၀ ပါး၊ လူ ၁ ဦးစုစုပေါင်း ၁၀၃ ပါးနှင့်လူ ၁ ဦး စာရင်းပေးသွင်းခဲ့ရာတွင် စာမေးပွဲဖြေဆိုရာသို့ ရဟန်း ၇၃ ပါး၊ သာမဏေ ၇ ပါး၊ သီလရှင် ၁၀ ပါး၊ လူ ၁ ဦး စုစုပေါင်း ၈၉ ပါးနှင့် လူ ၁ ဦး လာရောက်ဖြေဆိုခဲ့ကြပြီး အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှသိရသည်။

စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာသာယာစွာဖြေဆိုနိုင်စေရန် အတွက် ထေရ်ကြီးဝါကြီးဆရာတော်များမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများ၊ စေတနာရှင်များက ဆွမ်းဘောဇဉ်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)